Print

ချွေးပေါက်ကျယ်များကို ဖယ်ရှားကြရအောင်

  01-Mar-2017
Preview Image

နည်းလမ်း (၁)

ကြက်ဥအကာနှင့် ပေါင်းတင်ပေးတာက ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ကြက်ဥအကာသည် အရေပြားကို တင်းရင်းစေပြီး ဝက်ခြံဖြစ်ပွားမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥတစ်လုံးမှ အကာကိုရယူပြီး သံပရာရည် အနည်းငယ်နှင့်ရောကာ မျက်နှာအနှံလိ်မ်းပေးပါ။ ခြောက်အောင် ထားပြီးမှ ရေနဲ့သန့်စင်ဆေးကြောပါ။

 

နည်းလမ်း (၂) 

ဒိန်ချဉ်က အ့ံသြဖွယ်ကောင်းလောက်အောင် အရေပြားနဲ့ ချွေးပေါက်တွေထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်မှုပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ လက်တစ်အက်စစ်က ချွေးပေါက်တွေထဲမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး အရေပြားကို တင်းရင်းစေပါတယ်။ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို မျက်နှာပြင်အနှံ့ လိမ်းပြီး ၁၀ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ဆေးကြောပါ။ ဒိန်ချဉ်က မျက်နှာပြင်ပေါ်ရှိ အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ 

 

နည်းလမ်း (၃) 

မုန့်ဖုတ်ဆော်ဒါကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ်ရအောင်ဖျော်ပြီး မျက်နှာအနှံ့ စက်ဝိုင်းပုံအတိုင်း ညင်သာစွာ နှိပ်နယ်ပေးပါ။ စက္ကန့် ၃၀ ထားပြီးမှ ရေဖြင့်သန့်စင်ဆေးကြောပါ။ ချွေးပေါက်တွေထဲမှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်ပြီး ချွေးပေါက်တွေ ကျဉ်းသွားစေပါတယ်။ မုန့်ဖုတ်ဆော်ဒါက မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံနှင့် ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 

နည်းလမ်း (၄) 

ခရမ်းချဉ်သီးက အရေပြားကို သန့်စင်ပေးပြီး အသားအရေတင်းရင်းစေတဲ့ အာနိသင်ရှိပါတယ်။ ခရမ်းချဉ်သီးကို အကွင်းလိုက် ပါးပါးလှီးပြီး မျက်နှာပြင်အနှံ့ ပွတ်လိမ်းပေးပါ။ ခရမ်းချဉ်သီး အသားတွေက ချွေးပေါက်တွေထဲ စိမ့်ဝင်သွားပါလိမ့်မယ်။ ၂-၃ မိနစ်လောက်ထားပြီးမှ မျက်နှာကို ရေနဲ့ သန့်စင်ပေးနိုင်ပါတယ်။ 

 

နည်းလမ်း (၅) 

ကြက်သီးနွေးရေနဲ့ ရေချိုးပြီးတဲ့အခါ မျက်နှာကို ရေအေးနဲ့ သစ်ပေးပါက ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ လတ်တလော ချွေးပေါက်တွေ ကျဉ်းဖို့အတွက်ဆိုရင် ရေခဲတုံးနဲ့ မျက်နှာအနှံ့ ပွတ်ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

 

နည်းလမ်း (၆) 

လိမ္မော်သီးက အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကောင်းမွန်စေပြီး မျက်နှာပေါ် ရှိ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ 

 

နည်းလမ်း (၇) 

ခပ်နွေးနွေးရေထဲကို ဂွမ်းစနှစ်ပြီး မျက်နှာပြင်အနှံ့ ပွတ်တိုက်ပေးပါ။ချွေးပေါက်တွေ ပွင့်စေပြီး ကြေးတွေလည်း ကင်းစင်စေပါတယ်။ ၂-၃ မိနစ်လောက် ပြုလုပ်ပြီးပါက ရေအေးအေးနဲ့ မျက်နှာသန့်စင်ပေးပြီး တိုနာလိမ်းပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, August 2016, Pg. 114

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18